GuidePedia

0

အတွေ့အကြုံရှိတဲ့ user တွေအနေနဲ့ ကွန်ပျူတာပြဿနာတစ်စုံတစ်ခုဖြစ်ရင် သိနိုင်ပေမယ့် အတွေ့အကြုံ မရှိတဲ့ user တွေအတွက် ဘယ်အစိုက်အပိုင်းမှာကွန်ပျူတာ ပြဿနာဖြစ်တယ်ဆိုတာ မသိနိုင်ပါဘူး။ လိုရ မယ်ရ သိထားလိုသူများအတွက် ရည်ရွယ်ရေးသားပေးလိုက်ပါတယ် . . .

RAM (Random Access Memory) ကောင်းမကောင်း


 RAM ဆိုတာကတော့ ကွန်ပျူတာမှ လုပ်ဆောင်ချက်တွေကို CPU ဆီပို့လွတ်ဖို့အတွက် data များကို ခဏ တာ သိမ်းဆည်းတွက်ချက်ပေးတဲ့ပစ္စည်းဖြစ်ပါတယ်၊ RAM မကောင်းဘူးဆိုရင် ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ “ တီ . . . တီ . . . တီ ” ဟု အသံ မြည်ပါလိမ့်မယ်။ Motherboard အများစုကတော့ board ပေါ်တွင် Build-In Speaker အသေးတစ်ခုတော့ပါပါတယ်၊ မပါဘူးဆိုရင်တော့ ကွန်ပျူတာတွင် Speaker တပ်ပြီးနား ထောင်ကြည့်ပါ၊ တစ်ခါတစ်လေ RAM ကလွတ်နေတာမျိုးလဲဖြစ်တတ်ပါတယ် RAM ကို ပြန်ဖြုတ်ပြီး ပြန်တပ်ကြည့်ပါ RAM ဖြုတ်တဲ့အခါမှာတော့ သိထားရမယ့်အချက်တွေရှိတာမို့ နားလည်သူ ကို ဖြုတ်တပ်လုပ်ခိုင်းတာအကောင်းဆုံးပါ။

CPU (Central Processing Unit) ကောင်းမကောင်း


 CPU ဆိုတာကတော့ ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းတစ်ခုပါပဲ CPU မကောင်းရင် Motherboard ထဲကို Power ၀င်ပေမယ့်လဲ ကွန်ပျူတာ ဖွင့်လိုက်တာနဲ့ ချက်ချင်းပြန်ပိတ်သွားတတ်ပါတယ် CPU Fan ကလည်း ရပ်ရပ်သွားတတ်ပါတယ်၊ ဒါကြောင့် Heat Sink (CPU Fan )ကို ဖြုတ်ပြီး CPU ပေါ်လက်မ ထောက်ပြီး ကွန်ပျူတာကို ဖွင့်ကြည့်ပါ CPU မှ အပူချိန်အနည်းငယ်တတ်လာမယ်ဆို ရင် တော့ CPU ကောင်းပါတယ်။ (မှတ်ချက်။ CPU ကို လက်မထောက်ကြည့်တဲ့အချိန်မှာ သင့်ကိုယ်ဟာ လျှပ်စစ်ဓါတ်မကူးနိုင်တဲ့နေရာမှ ရှိဖို့လိုအပ်ပါတယ်) အဲဒီလိုထောက်ကြည့်လို့ CPU ကောင်းတယ်ဆိုရင် Thermal Compound ခြောက်ပြီး CPU အပူချိန်မြင့်လို့ ကွန်ပျူတာ ပိတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ပြုပြင်ဖို့ရန်အတွက် ကျွမ်းကျင်သူကိုပြုပြင်စေတာအကောင်းဆုံးပါ။

VGA (Video Graphic Array)


VGA ကတော့ Monitor ပေါ်တွင် ရုပ်ထွက်ဖို့အတွက် အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ များသောအားဖြင့် Motherboard ပေါ်တွင် Build-in ပါတတ်ပါတယ် မပါတဲ့ Motherboard ကျတော့ PCI Slot ကနေ VGA Card ကို ထပ်မံစိုက်သွင်းအသုံးပြုရပါတယ်။ VGA Card မကောင်းတော့ရင် “ တီ ..............” ဟု အသံရှည်မြည်မှာဖြစ်ပါတယ်။

Power Supply ကောင်းမကောင်း


 Power Supply ကတော့ ကွန်ပျူတာတစ်လုံးအတွက် လျှပ်စစ်စီးဖို့အဓိကအသုံးပြုပါတယ်၊ Power Supply  ကောင်းမကောင်းသိဖို့က Power Supply မှာပါတဲ့ ၀ါယာကြိုး အစိမ်းရောင် တစ်ပင်နှင့် မည်သည့် အနက်ရောင်ကြိုးကိုမဆို ချိတ်၍ မီးပလပ်ထိုးကြည့်ပါ Power Supply ထဲက Fan လည်မယ်ဆိုရင် ကောင်း တယ်လို့ယူဆလို့ရပါတယ် ဒါမယ့် Volt Meter ဖြင့် အရောင်တန်ဖိုးတွေအတိုင်း Volt တွေကို စမ်းကြည့်ရင် ပိုသေချာနိုင်ပါတယ်။

HDD ( Hard Disk Drive)


 HDD ကတော့ Operation System Run ဖို့အတွက်နှင့် Data တွေသိမ်းဆည်းဖို့ လိုအပ်သော Device ပါ၊ HDD တွေအကြမ်းအားဖြင့် IDE Port (5400 RPM)နှင့် SATA Port (7200 RPM) ဟူ၍ရှိသည်။ ၁ မိနစ် တွင် လည်ပတ်မှု အကြိမ်ရေများတဲ့အခါ လျှပ်စစ်ဓာတ်ပျက်တောက်မှု ခဏခဏကြုံတွေ့ရရင် Process တွေ အရမ်းယူသုံးတဲ့အချိန်မှာ HDD က Carnk ( Platter နဲ့ Arm ထောက်ညိခြင်း)ဖြစ်တတ် ပါတယ်။ အဲဒီအခါ Operation System Run တဲ့အချိန်၊ Data တွေကို Transfer လုပ်နေတဲ့အချိန်တွေမှာ ကွန်ပျူတာ Hung တာတို့၊ ကြာနေတာတို့ဖြစ်တတ်ပါတယ် Bad Sector ဖြစ်ရင် ပြင်ဖို့ Tools တွေသုံးလို့ ရနိုင်ပေမယ့် Crank ဖြစ်သွားတာမျိုးကျတော့ ပြင်ဖို့မလွယ်ကူပါဘူး၊ HDD ရဲ့ လည်ပတ်နှုန်း အသံကို နား ထောင်ကြည့်ပါ လည်ပတ်နှုန်းအသံမြန်လာမယ်၊ အသံအကျယ်ကြီးထွက်လာမယ်ဆိုရင် HDD မကောင်း နိုင်တော့ပါဘူး၊ ဒါကြောင့် HDD ကို Defragement တစ်လတစ်ကြိမ်လောက် ပုံမှန်လုပ်ပေး သင့်ပါတယ်။

CD Drive ကောင်းမကောင်း


 CD Driver (Optical Disc Drive) ကတော့ CD/DVD Disc တွေကနေ Software တွေယူမယ်၊ Window တွေတင်မယ်၊ သီချင်းတွေ နားထောင်မယ်၊ ဇာတ်လမ်းတွေကြည့်မယ်၊ ခွေတွေ Burn မယ်ပေါ့ဗျာ၊ ဒီ Dive ကတော့ ဇာတ်လမ်းတွေ အချိန်ကြာမြင့်စွာ ကြည့်မယ်၊ သီချင်းနားထောင်မယ်၊ သူ့ကို အချိန်ကြာမြင့်စွာ အသုံးပြုမယ်ဆိုရင် မြန်မြန်ပျက်ဆီးလွယ်ပါတယ်၊ ဒါကြောင့် Disc နဲ့ အသုံးပြုရမယ်ဆို ရင်တောင်မှ ကွန်ပျူတာထဲသို့ အရင် Copy လုပ်၍ ဇာတ်လမ်းကြည့်တာမျိုး၊ သီးချင်းနားထောင်တာမျိုး၊ Software တွေကို အရင် Copy လုပ်တာမျိုးကို အလေ့အကျင့်လုပ်သင့်ပါတယ်။

Mother Board ကောင်းမကောင်းစစ်မယ်


 Motherboard ဆိုတာကတော့ ကွန်ပျူတာတစ်လုံးမှာအဓိကလိုအပ်တဲ့ Devices တွေကို Direct and Indirect ချိတ်ဆက်ပေးထားပြီး ကွန်ပျူတာတစ်ခုလုံးကို အလုပ်လုပ်ပေးတဲ့ နေရာပဲဖြစ်ပါတယ်၊ Motherboard ကမကောင်းတော့ဘူးဆို Motherboard ပေါ်မှာမီးပါပါတယ်။ အကယ်လို့ Board ထဲကို မီးဝင်တယ်ဆိုရင်တော့ သာမာန်အားဖြင့်ကောင်းတယ်လို့ ယူဆရပေမယ့် တစ်ကယ်တမ်း South Bridge Chipset or North Bridge Chipset တွေမကောင်းဘူးဆိုရင်လည်း Board က မတက်ပါ ဘူး တစ်ကယ်တမ်း Board ကောင်းတယ်ဆိုရင် သင့်ကွန်ပျူတာကို ပါဝါဖွင့်ဖွင့်ချင်းမှာမော်နီတာမှာ Board အမျိုးအစားနဲ့ တပ်ဆင်ထားတဲ့ Device တွေကို ပြဖို့ Post တက်ပါလိမ့်မယ်။ မတက်ရင်တော့ အကြမ်းဖျဉ်း Board ကောင်းဘူးလို့ခံယူပါ။ အဆုံးထိလည်းခံယူလို့မရပါဘူး။ ဘာလို့လည်းဆိုတော့ CPU သေသွား ရင်လည်း Board အလုပ်မလုပ်လို့ပါ။

ဒီလောက်ဆိုရင်တော့ နည်းနည်းလေးတော့ နားလည်နိုင်ပါပြီဗျာ 

Post a Comment Blogger

 
Top