GuidePedia

0
တော်တော်များများသိပေမယ့်မလုပ်ဖြစ်တာလေး


တချို့တွေက Hard disk ကို partition တစ်ပိုင်းပဲပိုင်းကြတယ် တစ်ချို့က နှစ်စ်ပိုင်းပိုင်းကြပေမယ့် စနစ် တကျ အသုံးချမှုသိပ်မရှိကြဘူး၊ အမှန်အားဖြင့် System နဲ့ Data ဆိုပြီး၂ပိုင်း ပိုင်းထားခြင်းအားဖြင့် System ပိုင်းမှာ Systemနဲ့ပက်သတ်တာတွေ Windows နဲ့ Software တွေသိမ်းမယ် Data ပိုင်းမှာ Data file တွေ Videos, musics, pictures စတာတွေသိမ်းမယ်ဆိုရင် 

၁။ Hard disk ကို Format ချတဲ့အခါမှာ system ပိုင်းတစ်ပိုင်းထဲရွေးပြီး Format ချလို့ရတယ်။

၂။ Data Backup လုပ်ရတာလည်းအဆင်ပြေတာပေါ့။

၃။ မတော်တစ Hard disk breakdown ဖြစ်သွားတဲ့အခါမျိုးမှလည်း Data Backup လုပ်လို့ရတယ်။

၎။ Disk fragmented ဖြစ်တာလည်းသက်သာတယ်။

၅။ Windows ပြန်တင်ရင်လည်း System တစ်ပိုင်းထဲ format ချစရာလိုတော့ backup လုပ်ရတာ               သက်သာတယ်။

၆။ Partition တွေကို Right click နှိပ်ပြီး Properties ခေါ်လိုက်ရင် အောက်ဆုံးမှာ Chack box လေးနှစ်ခုရှိတယ် အဲဒီ့နှစ်ခုထဲကတစ်ခုက Disk compression ဆိုတဲ့ Windows default utility တစ်ခု

Systemနဲ့ Software တွေရှိတဲ့ Partitionပိုင်းမှသုံးရင်အဆင်သိပ်မပြေဘူး ဖိုင်တွေကိုချုံပြီးသိမ်းထားတော့ read/writeပိုကြာတယ်၊ အကြမ်းဖိုင်တွေပိုများများထုတ်တော့ Hard disk space ပိုစားတယ်၊ XP မှာ System Partitionကfree space ၄ ပုံ ၁ ပုံမရှိရင်စက်လေးလာမယ် အလုပ်ကောင်းကောင်းမလုပ်တော့ဘူး

Data Pertition ပိုင်းမှာကြတော့Disk compression utility ကိုသုံးရင် Disk spaceမျာများ ပိုထွက်လာမယ် DataကMemory ပေါ်တင်ပြီးသုံးနေမှာဆိုတော့Read/write time မှာသိပ်မသိသာပါဘူး MSoffice ကနေAutosave လုပ်ပေးတဲ့ Temp file တွေထွက်လာနိုင်တယ်ဆိုပေမယ့် Disk cleanup လုပ်ရင် System ကိုမထိခိုက်ပဲပျက်သွားနိုင်ပါတယ်များသောအားဖြင့် MSoffice ကလည်းကိုယ်မသုံးတော့ပဲလုံးဝ saveလုပ်လိုက်ပြီဆိုရင် Auto deleteလုပ်ပေးပါတယ်

Pertition ၂ခုကိုစနစ်တကျသုံးခြင်းအားဖြင့်System အတွက်စိတ်ချရတဲ့အကျိုးကျေးဇူးများစွာရှိပါတယ်

Post a Comment Blogger

 
Top