GuidePedia

1



PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံမှာ ၁၅သိန်းတန်၊ ၅သိန်းတန်၊ ၂သိန်း တန်၊ အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ၊ သိသူများလည်းသိမှာပါ၊ မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ၊ တစ်ချို့တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ တယ်၊ တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်၊ သိမ်းထားရမှန်းမသိကြပါဘူး၊ တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ၊ ဒါဟာတကယ်ကိုအရေးကြီးပါတယ်၊ ဒီကဒ်အခွံမှာ PUK Code တစ်ခါထဲပါပီသားပါ၊Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်၊ ဆိုင်သမားတွေကလည်း Sim lock ကျတာ ဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်၊ အဲ့မှာ မသိမ်းထားတဲ့သူများကတော့ ဘာမှန်း မသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်၊ အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့ PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်။

သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ၊ SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက် ပြီး လည်းရိုက်မထည့်ပါနဲ့၊ ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကို တိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ၊အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်၊ Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်၊ PUK Code က ခုနက သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ

- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈) လုံးကို ရိုက်ထည့်ပေးပြီး OK နှိပ်ပါ

- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်၊ 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ

- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ် 12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ ဘာလို့ SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်၊ SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ အဲဒါကြောင့်ချရတာပါ၊ မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့၊ PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့ မကလိပါနဲ့၊ ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင် အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ၊ အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိ ရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်၊ ဒါဆိုအဓိကပြောချင်တာက SIM Lock ပြောင်းခြင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့ မရပါ ဒါအရေးကြီးပါတယ်ဗျ မလုပ်တာကောင်းပါတယ် မလုပ်ပါနဲ့ ။

Post a Comment Blogger

  1. If I'v lost sim slot that detected puk code, how should I do, please.

    ReplyDelete

 
Top