GuidePedia

0


တစ်ချို့နေရာမှာ ယူနီကုတ် သုံးမရလို့ Win Font နှင့် Times New Roman သုံးနေရတဲ့ Typing သမားတွေအတွက် Font ကနေတစ်ဆင့်ချင်းချိန်းရိုက်ရတာ စိတ်ညစ်လှပါတယ်ဆိုတဲ့ မိတ်ဆွေတွေအ တွက် ကျနော် သုံးခဲ့ဖူးတဲ့ နည်းလမ်းလေးကိုမျှဝေချင်ပါတယ် 

ကျနော့ကွန်ပျူတာမှာ word 2010 တင်ထားလို့ အဲဒါနဲ့ပဲပြမယ်နော် တခြား word နဲ့လဲတူတူပါပဲ ရှာလိုက် ရင်ရပါတယ် . .

1. File menu မှ Options မှ Customize Ribbon မှ Keyboard Shortcuts Customize ကိုသွားပါ

2. Categories မှ Fonts ကိုရွေးပြီး  Fonts တွင် မိမိ အသုံးပြုလိုသော Font ကိုရွေးပါ

3. Press new shortcut key တွင်  အသုံးပြုလိုသော Shortcut Key ကို နှိုပ်ပါ 
    ( ဥပမာ  -Win---Researcher ကိုရွေးပြီး Key တွင် Alt + R ပေါ့ )

4. အပေါ်က အဆင့်တွေ ပြီးရင်တော့ Assign ကို နှိုပ်ပေးလိုက်ပါ

5. ပြီးရင်တော့ Close Ok  ပေါ့နော်

စမ်းကြည့်ပါ ခင်ဗျ အရမ်းအဆင်ပြေပါတယ် အဆင်မပြေတာရှိရင် comment ထားခဲ့ပါ ခင်ဗျ

Post a Comment Blogger

 
Top