ပါရာစီတမော ကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ် ပါတဲ့ အရာများနဲ့ တွဲမသောက် သင့်ပါဘူး။
ပါရာစီတမော ကို ကဖင်းဓါတ် ပါတဲ့ အစားအသောက် များနဲ့ တွဲပြီး မသောက်သင့် ပါဘူး။ တစ်နေ့ကို (၂) လုံးထက် ပိုသောက်မိလျှင် အန္တရာယ် ရှိပါတယ်။
ပါရာစီတမော ဟာ အရက်၊ ဘီယာ တို့နဲ့လည်း မတည့်ပါဘူး။
ပါရာစီတမော ကို အခြား ပါရာဆေး ပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက် သင့်ပါဘူး။
ပါရာစီတမော ကို (၂၄) နာရီ အတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့် ပါဘူး။ တခါသောက်ရင် အနည်းဆုံး (၄) နာရီ ခြားသင့်ပါတယ်။
ပါရာစီတမော ကို အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြ ခဲ့တာတွေနဲ့ ရောမသောက် သော်လည်းပဲ အလွန်အကျွံ (အလုံး ၂ဝ ခန့်) သောက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။
ပါရာစီတမောတင် မကပဲ အကိုက်အခဲ ပျောက်ဆေး များနဲ့ အင်္ဂလိပ်ဆေး တော်တော်များများ ဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ် ပါတဲ့ အရာများနဲ့ တွဲမသောက် သင့်ပါဘူး။ ရိုးရိုးရေ နဲ့ သောက်ရင် အကောင်းဆုံးပါ။
အသက်ကို ဉာဏ်စောင့် ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင် ဉာဏ်ဖြင့် ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည် နိုင်ကြပါစေ။
Post a Comment Blogger Facebook
Click to see the code!
To insert emoticon you must added at least one space before the code.