GuidePedia

0


Virus ကိုက်လို့ပဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖြစ်လေ့ဖြစ်ထတော့ ရှိပါတယ် ကျွန်တော့်တုန်းကလဲ တော်တော် ခေါင်းစားခဲ့ပါတယ် ခုတော့ Internet Journal ထဲမှာတွေ့တာနဲ့ အားရဝမ်းသာ နော့ စာဖတ်သူတွေဆီအရင် ရေးတင်တယ် ။ My Computer ထဲက Local Disk (C:) တို့ (D:) တို့ ဖွင့်တဲ့အခါ Open မဖြစ်ပဲ Open With Box ပေါ်တဲ့ စက်တွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးပါ ..

ဒီလို ပြုလုပ်ရပါလိမ့်မယ်။


၁) Start မှ Run ။ ပြီးရင် cmd ကို ရိုက်ဖွင့်ပါ။

၂) cmd box ပေါ်လာလျှင် cd\ ကို ရိုက်ပြီး enter ခေါက်ပါ။

၃) attrib -r -h -s autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။

၎) del autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။ Yes or No မေးခွန်းတွင် Y ကို နှိပ်လိုက်ပါ။

၅) ပြီးလျှင် d: ကို ရိုက်၍ enter ခေါက်ပါ။ ပြီးလျှင် အဆင့်(၃)နှင့် (၄)တွင် လုပ်ခဲ့သည့်အတိုင်း ပြန်လုပ်ပါ။

(အကယ်၍ Local Disk သည် (C:) (D:) (E:) တို့ ရှိခဲ့လျှင် အထက်က ပြသည့်နည်းအတိုင်း ပြုလုပ်ပါ။ d: နေရာတွင် e: ကို ပြုလုပ်သွားရမည် ဖြစ်သည်။)

၆) Restart ပြုလုပ်ပါ။

Post a Comment Blogger

 
Top