GuidePedia

0


စင်စစ်တွင် Blog ဆိုသည်မှာ Website တစ်ခုပင်ဖြစ်ပြီး Website နှင့် Blog ကြား သိသိသာသာမရှိချေ။ Note Book နှင့် Laptop ကွားခြားသကဲ့သို့ပင် စစ်စစ်ပေါက်ပေါက် ရှာဖွေမည်ဆိုလျှင်တော့ Website နှင့် Blog သည် အနည်းငယ်ကွဲပြားခြားနားလျက်ရှိ ပါသည်။ Website သည် Static Pages များ၊ Business Protal များ၊ Search Engine စသဖြင့် ပုံသဏ္ဏာန်မျိုးစုံရှိနေနိုင်ပြီး၊ Blog ဆိုသည်မှာ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ၊ လူများစွာ စုပေါင်းပြီးဖြစ်စေ၊ အချိန်မှန်၊ ပုံမှန်၊ Multimedia တွေရေးသားချက်အသစ်များ ပေးပို့နေသော စာမျက်နှာတစ်ခုဟု အကြမ်းဖျင်း ဆိုနိုင်မည်ဖြစ်သည်။

- Blog ဆိုသည်မှာ Web နှင့် Log ကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး web စာမျက်နှာ၏ မှတ်သားမှု တစ်ခုဟု ခေါ်ဆိုနိုင်ပါသည်။ Website သည် Web စာမျက်နှာတစ်ခုမျှသာ ဖြစ်သည်။

- Blog တွင် အဓိက စာမျက်နှာကလွဲပြီး ကျန်တဲ့စာမျက်နှာတွေမှာ အပုဒ်ခွဲလို့မရပါဘူး။ Website တွင်လိုအပ်သလို ခွဲ၍ရနိုင်ပါသည်။

- Computer Shopper ကဲ့သို့ နာမည်ကြီးမဂ္ဂဇင်းများနှင့် အချို့ သောကွန်ပျူတာထုတ်ကုန်တွေမှာ website / blog နှစ်မျိုးစလုံး ထားကြပါသည်။ website မှာ ထုတ်ကုန်တွေရဲ့ ဈေးနှုန်း၊ အမျိုးအစားတွေကို အဓိကထားတင်ပြီးတော့ blog မှာ အဲဒီကုန်ပစ္စည်းကို သုံးရာက ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေ၊ သုံးစွဲသူတွေကြားက သတင်းတွေ၊ ပြုပြင်ပြောင်းလဲလိုက်တဲ့ အချက်များကို စာမျက်နှာအဖြစ်တည်ရှိစေပါသည်။

- Blog မှာ နောက်ဆုံးရေးပြီး တင်လိုက်တာက စာမျက်နှာ အပေါ်ဆုံးမှာ ရှိနေတတ်တာများပြီး Website မှာက အကြောင်းအရာ၊ အမျိုးအစား ကိုလိုက်ပြီး စာမျက်နှာစီစဉ်နိုင်ပါသည်။

- Blog ရေးသားချက်မှာ ရေးသူက ခွင့်ပေးထားရင်၊ ထင်မြင်ချက်၊ ဝေဖန်ချက်၊ ပေး၍ရနိုင်ပြီး Website မှာက ဆွေးနွေးခန်း၊ မေးခွန်းမဟုတ်ရင် ဝေဖန်ခွင့်မရှိပါဘူး။

- Blog ကရေးဖို့၊ ဖတ်ဖို့၊ မျှဝေဖို့ကို အဓိကရည်ရွယ်ပြီး Website က ဖတ်ဖို့၊ သတင်းပေးဖို့ပဲ ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

- Blog သည် Web ၏ အထူးအစိတ်အပိုင်းဖြစ်ပြီး ပုံမှန်update ပြုလုပ်ပေးဖို့လိုအပ်ပါသည်။ Website တွင် အကြောင်းအရာ တစ်ခုအတွက် သတင်းမှလွဲ၍ အထွေအထူး update ပြုလုပ်ပေးရန်လိုအပ်ခြင်းမရှိပါ ။

Copyright © NetGuide Journal Special Report 21 August 2010

Post a Comment Blogger

 
Top