GuidePedia

0
Microsoft Office Word ဖြင့် စာစီထားပြီး အခြား computer သို့ ကူးပြောင်း၍ ဖွင့်သောအခါ တဖက် computer တွင် fonts မရှိသည့်အရာ အခြား fonts သို့ ပြောင်းသွားတာမျိုး၊ စာလုံးတွေမပေါ်တာ မျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို မဖြစ်ရလေအောင် word file ကို save ကို သိမ်းသည့်အခါ fonts တွေကိုပါ ထည့် save လိုက်ရင် ဒီပြဿနာလေး အေးသွားပါပြီ -

၁။   Word ကို ဖွင့်ပြီး စာစီပြီးသောအခါ File menu မှ Save ကို နှိပ်ပါ။ ( Ctrl + S)

၂။   Save window ပေါ်လာပြီဆိုလျှင် Save ဆိုသည့် ဘေးတွင် Tools ဆိုတာလေးကို နှိပ်၍ Save Options ကို နှိပ်ပါ။

၃။   ပြီးလျှင် Preserve fidelity when sharing this document တွင် Embed Fonts in the file ကို အမှန်ခြစ်ထည့်၍ Embed only the characters used in the document (Best for reducing file size) ကိုလည်း အမှန်ခြစ်ထည့်ပေးပါ။

၎။   ဒါဆိုရင်တော့ Ok နှိပ်လို့ရပါပြီ။
         နောင်များ အခြားကွန်ပျူတာတွင် မိမိ word file သွား၍ ဖွင့်လျှင် စိတ်ညစ်စရာမတွေ့နိုင်တော့ပါ။

(မှတ်ချက် ။ ယခု ဖြစ်စဉ်ကို word 2010 တွင် ပြုလုပ်ထားခြင်းဖြစ်ပြီး အခြား word version တွင်လည်း ထိုနည်းအတိုင်းဖြစ်မည်ဟု ယူဆရပါသည်။)

Post a Comment Blogger

 
Top